ပြင်ဦးလွင် ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး၊ အစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနခွဲမှတာဝန်ရှိသူများ၊ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့်မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ပြင်ဦးလွင်မြို့နယ် သစ်သီးယိုစုံနှင့်ဝိုင်လုပ်ငန်းရှင်များအား ၎င်းတို့၏ထုတ်ကုန်များနှင့်ပတ်သက်၍ ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ်နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် အစားအသောက် ထပ်ဖြည့်ပစ္စည်းများ မှန်ကန်စွာသုံးစွဲနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ လုပ်ငန်း(၃၁)မျိုးမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး FDA ထောက်ခံချက် ရရှိရေးအတွက် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)