စဉ့်ကိုင် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲ မြန်မာစာဘာသာရပ်ကို အ.ထ.က(စဉ့်ကိုင်)၌ ဇွန် ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိူးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းအဆင့် Grade-1 မှ Grade-5နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-6 မှ Grade-8 ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test (အထူးအစီအစဉ်)စာမေးပွဲကို ဇွန် ၁၅ ရက်နေ့မှ ဇွန် ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မြန်မာစာဘာသာရပ် စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ Grade-1 မှ Grade-8 အထိစာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၄ ဦး၊ ဖြေဆိုကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၇၀ ဦး၊ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၄ ဦးရှိကြောင်း သိရပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်ဦး ဦးဆောင်ကာ ဆရာကြီး၊ ဆရာမကြီးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)