ပြည် မေ ၄
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ ပြည်မြို့နယ် အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက Football for School Pilot Project Program ဘောလုံးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်သည်။
ရှေးဦးစွာ သင်တန်းသားများက သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် အခမ်းအနားကို ဖွင့်လှစ်ကြောင်း ကြေညာသည်။ဆက်လက်၍ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ဘောလုံးအားကစား အဆင့်အတန်း မြင့်မားလာစေရန်နှင့် ကျောင်းသားလူငယ်များအကြား အခြေခံဘောလုံး ကျွမ်းကျင်မှုများ စနစ်တကျ ရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားကာ သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ စုစုပေါင်း (၁၂၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ မေလ (၄) ရက်နေ့မှ (၂၂) ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
ဝဏ္ဏထွန်း(ပြန်/ဆက်)