တောင်ဥက္ကလာပမြို့နယ်၌ ဘောလုံးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ  မေ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌  အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot ProJect အစီအစဉ်ဖြင့် Football For School Program အရဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁) ရပ်ကွက် မြသီတာအားကစားကွင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ သင်တန်းသားများ ကွင်းအတွင်းနေရာယူပြီး အားကစားနှင့်ကာာပညာဦးစီးဌာ၊ ရန်ကုန်အရှေပိုင်းခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူ ဦးရဲကျော်သူက ဘောလုံးသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန တောင်ဥက္ကလာပမြို့နယ်ဦးစီးမှူး ဒေါ်လေးဇာဇာလှိုင်းမြင့်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်ရှိန်းနှင့်အဖွဲ့ဝင်တို့က ဘောလုံးသင်တန်းတွင်  နည်းပြများ၏သင်ကြားပြသမှုများကို ကြိုးစားသင်ယူကြရန်နှင့် သင်တန်းဖွင့်ရက်များတွင် အချိန်မှန်မှန်တက်ရောက်နိုင်ရေး စသည့်လိုအပ်သည်များကို သင်တန်းသားများအား မှာကြားခဲ့ပါသည်။

အဆိုပါဘောလုံးသင်တန်းကို မြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင်လူငယ်များ တက်ရောက်သင်ယူကြပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း သင်ကြပေးသွားမည်ဖြစ်ပြီး သင်တန်းကာလကို မေလ ၄ ရက်နေမှ ဇူလိုင်လအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)