ပဲခူး မေ ၄
ပဲခူးတိုင်းဒေသကြီးအဆင့် တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲကို ယမန်နေ့က ပဲခူးမြို့ ကျိုက်ပွန်ဇေတဝန်ကျောင်း၊ ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအဆင့် တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုနေမှုအား သုတစုံလင် ဗုဒ္ဓ၀င်အဖွဲ့ ဗဟိုဥက္ကဋ္ဌဆရာတော် ဒေါက်တာပဏ္ဍိတဘိက္ခု၊ ဒု-ဥက္ကဌဆရာတော် ဘဒ္ဒန္တဣန္ဒကဇောတိနှင့် သုတစုံလင်ဗဟိုမှနာယကများ၊အဖွဲ့၀င်များ ကြွရောက်ကြီးကြပ်တော်မူကြပြီး အဆိုပါစာမေးပွဲသို့ ပဲခူးတိုင်း(အရှေ့)ရှိ ရေတာရှည်၊ ပဲခူး၊ ဒိုက်ဦး၊ ကျောက်တံခါး၊ ဝေါစသည့်မြို့နယ်များမှ အရည်အချင်းစစ်စာမေးပွဲကြီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈၁)ဦး ဝင်ရောက်ဖြေကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)