ဟုမ္မလင်း မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ဟုမ္မလင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေ ၄ ရက်နေ့မွန်းတည့်(၁၂)နာရီအချိန်က ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဟုမ္မလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချစ်လွင်နှင့် ဦးကျော်ဇင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းစံလှစိုးနှင့် ဦးအောင်ဇော်လွင်တို့က မိတ်ဆက်စကားပြောကြားပြီး လွှတ်တော်တွင် ဆွေးနွေးခဲ့ကြသည်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဒေသအတွင်းလိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့၏ လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် လွှတ်တော်အသီးသီးတွင် ပြန်လည် တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)