ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနသည် ပြည်သူလူထုအတွင်း ရက် (၁၀၀) စီမံချက်ဖြင့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေး

ရေကြည် မေ ၄

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနသည် ပြည်သူလူထုအတွင်း ရက် (၁၀၀) စီမံချက်ဖြင့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက နွားရေတိုက်ကျေးရွာအုပ်စု၊ နွားရေတိုက်ကျေးရွာ ရတနာသုခဘုန်း​တော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ထွန်းအောင်ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ သွေးတိုးလူနာ (၁၆)ဦး ၊ ဆီးချိုလူနာ (၆)ဦးနှလုံး ရောဂါ (၄) ဦး၊ လေဖြတ်လူနာ (၁) ဦး၊ ကိုယ်ဝန်ဆောင် (၈) ဦး အထွေထွေလူနာ (၁၃၄) ဦး၊ စုစုပေါင်းနာမကျန်းလူနာ (၁၆၉)ဦးတို့အား နိုင်ငံတော်မှ ထောက်ပံ့ပေးသောဆေးများကို အခမဲ့ထောက်ပံ့ပေးခဲ့ပြီး သွေးလွန်တုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အပူဒဏ်ကာကွယ်ရေးအကြောင်းများကို အသိပညာပေး‌ဟောပြောခဲ့ပါသည်။

မြို့နယ် (ပြန်/ဆက်)