သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

သီပေါ မေ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက ဈေးရပ်ကွက်အတွင်းရှိ နေအိမ်များနှင့်ဈေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                        

ရှေးဦးစွာ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါကအရေးပေါ်ဆောင်ရွက်ရမည့်အကြောင်းအရာများ  စသည်တို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် ရေပုံး၊ သဲပုံး၊ မီးချိတ်၊ မီးကတ်၊ လှေကား၊ မီးသတ်ဆေးဘူးများထားရှိမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် ထမင်း၊ ဟင်း စသည်များချက်ပြုတ်ရာတွင် မီးအသုံးပြုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ် ပြန်/ဆက်