မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲပြသ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် နည်းပညာများ တိုးတက်လာသောခေတ်နှင့်အညီ အီလက်ထရောနစ်မဲပေးစက်များ အသုံးခြင်းအားဖြင့် လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြသပေးခဲ့သည်။