မြစ်သားမြို့နယ် ကူမဲမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးတိုင်များကျိုးပဲ့ပျက်စီးမှုများ ပြုပြင်ဆောင်ရွက်ပြီး

မြစ်သား မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်၊ ကူမဲမြို့အတွင်း မေ ၃ ရက် ညနေ ၅ နာရီခွဲ အချိန်က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက် ခိုက်မှုကြောင့် 33/11 KV, (10+5)MVA ကူမဲဓာတ် အားခွဲရုံ၏ 11kV ၅၀၀၂ ဖီဒါမှ ဓာတ်အားဖြန့်ဖြူးပေးထားသော အောင်ချမ်းသာကျေးရွာအနီး ၁၁ကေဗွီ ဓာတ်အားလိုင်းရှိ တစ်တိုင်စင် (၇)စင် နှင့် နှစ်တိုင်စင်တစ်စင် စုစုပေါင်း 10M ကွန်ကရစ်တိုင် ၉ တိုင် ကျိုးပဲ့ပျက်စီးမှုများကို ယနေ့နံနက်ပိုင်းတွင် ပြုပြင်ဆောင်ရွက်ပြီးကြောင်းသိရသည်။

 မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ အောင်ချမ်းသာရွာ၊ တောတွင်ညောင်ပင်သာရွာ၊ ကလုံရွာ၊ ရွှေစေတီ ဘုရား၊ မြောင်းကြီးဘောင်ရွာ၊ ပွဲလုံးကျော်ရွာ၊ ထိန်ကန် ကြီးရွာ၊ မြို့တွင်းရွာ၊ နှမ်းခင်းကွက်သစ်ရွာ၊ နှမ်းခင်းရွာ မရွာ၊ မြိုင်ကုန်းရွာ၊ ခတ္တက်ကုန်းရွာ၊ မြင်းခြံကုန်းရွာ၊ အေးရွာ၊ ကုန်းသာရွာ၊ ကံကွေ့ရွာ၊ ဒိုင်းကောင်းကန်ရွာ၊ မြို့ကုန်းရွာ၊ သပြေတောင်းရွာ၊ ဝမ်းတွင်းမြို့နယ်ရှိ ခြင်္သေ့လက်ရွာ၊ ကင်းရွာရွာ၊ ထန်းပင်ကုန်းရွာ စုစုပေါင်း ကျေးရွာ ၂၂ ရွာတို့အား သဘာဝဘေးအန္တရာယ်ကြောင့် ကျိုးပဲ့ပျက်စီးခဲ့သည့် 10M ကွန်ကရစ်တိုင်များနှင့် ၁၁ကေဗွီဓာတ်အားလိုင်းများ ဓာတ်အားပြတ်တောက် ခြင်းများကို မြစ်သားမြို့နယ်၊ ကူမဲမြို့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌‌ရေးဌာနမှ အမြန်ဆုံးပြုပြင်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြုပြင်ဆောင်ရွက်ပြီးကြောင်းသိရသည်။

ဝါဝါမြင့် ((မြစ်သား)