ပခုက္ကူ မေ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက်၈နာရီခွဲအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၂) သင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သင်ကြားပို့ချပေးမည့် အဝတ်အထည်ဒီဇိုင်းများနှင့်လူသုံးကုန်ပစ္စည်းများ၊ သင်တန်းသုံးကိရိယာများ ခင်းကျင်ပြသထားမှုတို့ကို ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ ၃၀ ဦးတက်ရောက်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မေလ၄ရက်မှ အောက်တိုဘာလ ၂ရက် နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)