ကမမောင်း မေ ၄
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ရပ်ကွက်(၄)အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ အသစ်ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးမှုရှိပါက မိတ္တူပြုလုပ်ပေးခြင်း၊ အသက်(၁၀)နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးသည်။
အဆိုပါဆောင်ရွက်ပေးနေမှုများကို ဖာပွန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ထွန်း၊ ဖာပွန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအေးမင်း၊ ဖာပွန်မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးဝင်းနိုင်ဦး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးတို့က ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ကမမောင်း(ပြန်/ဆက်)