နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်

သာစည် မေ ၄

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့ပေါ်ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းမှ ဆရာတော်သံဃာတော်ငါးပါးတို့အား နေ့ဆွမ်း၊ ဘောဇဉ်နှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်ပြီး ပရိတ်တရားတော်များနာယူခြင်းကို မေ ၄ ရက် နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန၌ ပြုလုပ်သည်။

ဦးစွာ နံနက် ၁၀ နာရီတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံး ရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သွယ်သွယ်စန်းနှင့်ကော်မတီဝင်များက နိုင်ငံတော်ဩဝါဒါစရိယ သာစည်မြို့ဓမ္မာလင်္ကာရ၊ ရေအားလျှပ်စစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်ငါးပါးတို့အား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်ကာ ရေစက်ချတရားနာယူကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်ကြသည်။

သာစည်မြို့နယ်မီးသတ်ဦးစီးဌာနသည် နှစ်(၈၀)ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မေ ၁ ရက်က ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျှော်စေတီသို့သွားရောက်၍ စေတီတော်အား ရေသပ္ပာယ်ပြီး သန့်ရှင်းရေးများဆောင်ရွက်ခြင်းနှင့်တပ်ဖွဲ့ဝင်များက မိတ္ထီလာဆေးရုံကြီး၌ သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်