ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုပစ္စည်းများထောက်ပံ့

ရွှေဘို ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးသင်တန်းနှင့်သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ (၁၄) ရက်နေ့တွင် မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဝက်လက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသန်းထိုက်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြင်စန်းမှ သင်တန်းဖွင့်လစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို ဆွေနွေးပို့ချခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက တက်ရောက် လာသော အကျိုးဆောင်တောင်သူများအား မျိုးစေ့များ (စပါး၊ နေကြာ၊ ဝါ၊ ပိုက်ဆံလျှော်) နှင့် မြေသြဇာများ၊ ပိုးသတ်ဆေးနှင့်အပင်အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို ဝန်ထမ်း ( ၂၀ ) ဦးနှင့် တောင်သူ ( ၃၁ ) ဦး  စုစုပေါင်း (၅၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)