စစ်ကိုင်း ဇွန် ၁၅
နိုင်ငံတော်အစိုးရက အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းသားများကို ပညာအရည်အချင်းအရသော်လည်းကောင်း၊ အသက်အရွယ်အရသော်လည်းကောင်း သင့်လျော်ကိုက်ညီသည့်အတန်းတွင် တက်ရောက်သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသည့်ကျောင်းပြင်ပရောက်ကလေးများ
(မူလတန်းဆင့်နှင့် အလယ်တန်းဆင့်) ကျောင်းသို့ပြန်လည်ရောက်ရှိရေး Placement Test (အထူးအစီအစဉ်) အရည်အချင်းစစ် စာမေးပွဲကို စစ်ကိုင်းမြို့ အခြေခံပညာကျောင်းများ၌ ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကျင်းပသည်။
စစ်ကိုင်းမြို့နယ်တွင် Placement Test(အထူးအစီအစဉ်)အရည်အချင်းစစ် စာမေးပွဲကို စာစစ်ဌာန (၁၀)ခု၌ ဖြေဆိုရန်စာရင်းပေးထားသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၁၂၀)ဦးရှိပြီး မူလတန်းအဆင့် (Grade-1.2.3.4.5) ကျောင်းသား၊ ကျောင်းသူ (၂၄၇၆)ဦးနှင့် အလယ်တန်းအဆင့် (Grade-6.7.8) ကျောင်းသား၊ ကျောင်းသူ(၂၄၃၈)ဦး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၉၁၄)ဦး ဝင်ရောက်ဖြေဆိုကြရာ ပျက်ကွက်သူ(၁၂၀၆)ဦးရှိကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)