ကလောမြို့၌ 2026 Myanmar National League Oualifier Race ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကလော ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မြို့နယ်အားကစားကွင်း၌ Myanmar Ultra Trail Running Association (MUTRA) နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး‌ ပေါင်း၍ ယမန်နေ့နံနက်ပိုင်းက 2026 Myanmar National League Oualifier Race ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် 25 km တွင် ၁၈ ဦးနှင့် 50km ၁၅ ဦး၊ စုစု‌ပေါင်း ၃၃ တို့အား မြို့နယ်အားကစားကွင်းမှ နံနက် ၆ နာရီအချိန်မှစ၍ တာလွတ်ခဲ့ပြီး သက်မှတ်လမ်းကြောင်းအတိုင်းဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအပြီးတွင်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ညနေ ၃ နာရီအချိန်တွင် အဆိုပါကွင်း၌ ဆက်လက်ကျင်းပခဲ့သည်။

ဆုချီးမြင့်ပွဲတွင် ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ ခရိုင်အမျိုးသမီး‌ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း၊ မြို့နယ်အမျိုးသမီး‌ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်အေးသက်လှိုင်တို့က ပထမဆု၊ဒုတိယဆု၊တတိယဆုရရှိသူများအား ဆုများအသီးသီးအပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)