ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် “ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်း” ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကျောက်တံခါး)၌ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်သည်။

မြစ်သားမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို  စာစစ်ဌာနများတွင် ရူပဗေဒ+ သမိုင်း ဘာသာရပ် (ပဉ္စမနေ့)ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို စာစစ်ဌာနများတွင်  ယနေ့နံနက် (၉) နာရီ အချိန်က ရူပဗေဒ+သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာအခြေ ခံပညာမူလတန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအား ယနေ့နံနက် (၉)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်၊ အမာမြို့တွင် ရေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁၃၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၊ ခါးပြတ်ကျေးရွာနှင့် သရက်ပင်ဆိပ်ကျေးရွာတို့၌ (၂၆-၅-၂၀၂၅) ရက်နေ့ (၂၇.၅.၂၀၂၅) ရက်နေ့နှင့် (၂၈.၅.၂၀၂၅) ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ပင်လယ်ဒီရေမြင့်တက်လာမှုတို့ကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ သည့် အိမ်ထောင်စုနှင့် မိသားစုဝင်များအား ယမန်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်က အဆိုပါကျေးရွာများတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်၌ ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer JN 1) ဆက်လက်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer JN 1) ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ဖြူးမြို့နယ်​၌ ငလျင်ဘေးအန္တရာယ် ကာကွယ်ကယ်ဆယ်ရေး ပညာပေးသရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိူ့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ် ကာကွယ်ကယ်ဆယ်ရေး ပညာပေးသရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မ‌ကွေးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌​ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကခွဲ(ဆားစည့်)ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅)၏ အခွန်ဆိုင်ရာ ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ချမ်းမြသာစည်မြို့နယ်၊ ၁၀၁(အေ) နှင့် ၁၀၂လမ်းကြားရှိ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၅) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်နေ့ ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင် ကျင်းပသည်။
Subscribe to