သာ​ကေတမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီက လှူဒါန်းသော စာအုပ်စာစောင်နှင့် ပရိဘောဂပစ္စည်းများ ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲနှင့် စာကြည့်တိုက်များ ရှင်သန်ရေး ညှိနှိုင်းစည်းဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင်ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီက လှူဒါန်းသော စာအုပ်စာစောင်များနှင့် ပရိဘောဂပစ္စည်းများ ထပ်ဆင့်‌ပေးအပ်လှူဒါန်းပွဲနှင့် စာကြည့်တိုက်များ ရှင်သန်ရေးညှိနှိုင်းစည်းဝေးကို ဇွန် ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို) အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို) အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကောင်းမှုဗွာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၃၈)ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှ (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာ‌ပေးဟောပြောပွဲကို ဇွန် ၁၇ ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ရေထိန်းတံခါးလုပ်ငန်းလည်ပတ်မှု ကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေထိန်းတံခါးလုပ်ငန်းလည်ပတ်မှုကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၁၇ ရက်နေ့နံနက်ပိုင်းက ကျုံဟော်ကျေးရွာရှိ ရင်းငြိမ်ရေထိန်းတံခါး၌ ကွင်းဆင်းစစ်ဆေးခဲ့ရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆည်‌မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

ပန်းတနော်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) လေ့ကျင့်ရေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အထက်တန်းအဆင့်) စာစီစာကုံးပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များပေးအပ်ပွဲအခမ်းအနား တက်ရောက်

ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရှမ်းပြည်နယ်အတွင်းရှိ ငါးမွေးကန်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနား လွိုင်ကော်တွင် ကျင်းပ

ကယားပြည်နယ်အတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံအား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို  စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို ယနေ့ နေ့လည် (၂) နာရီက ကျင်းပခဲ့သည်။
Subscribe to