၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၂၀

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်နေ့ ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၅၀-၅၅ ကီလိုတန်း အမျိုးသမီး(ဓား-၂)အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဒလမြို့နယ်အသင်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ ၅၀-၅၅ ကီလိုတန်း အမျိုးသမီး(ဓား-၂) အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဒလမြို့နယ်မှ မမိုးနန္ဒာမြင့်၊ ဒုတိယဆုရရှိသော ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ မလိန့်လီ၊ တတိယ(ပူးတွဲ)ဆုရရှိသော မရမ်းကုန်းမြို့နယ်မှ မဆုရတနာနှင့် သာကေတမြို့နယ်မှ မနွယ်နီအေးတို့ကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်နာယက ဦးစိန်ဝင်းကလည်းကောင်း၊ ၅၃- ၅၇ ကီလိုတန်း အမျိုးသားဗန်တိုအတိုက် ပြိင်ပွဲတွင် ပထမဆုရရှိသော မင်္ဂလာဒုံမြို့နယ်မှ မောင်ဝေယံကျော်၊ ဒုတိယဆုရရှိသော ရွှေပြည်သာမြို့နယ်မှ မောင်စိုးလင်းထွန်း၊ တတိယ(ပူးတွဲ)ဆုရရှိသော တွံတေးမြို့နယ်မှ မောင်ရဲရင်ဖြိုးနှင့် ကြည်မြင်တိုင်မြို့နယ်မှ မောင်ကောင်းမြတ်ကျော်တို့ကို ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်သီတာခိုင်တို့ကလည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့သည်။

ယင်းနောက် လက်ထောက်နည်းပြအဆင့် အမျိုးသမီး (ဓား-၂)လက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မရမ်းကုန်းမြို့နယ်မှ မမေသရဖူကိုကိုနှင့် ဒုတိယဆုရရှိသော မင်္ဂလာဒုံမြို့နယ်မှ မဆုလဲဝိုင်၊ လက်ထောက်နည်းပြအဆင့် အမျိုးသား (ဓား-၂)လက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မင်္ဂလာဒုံမြို့နယ်မှ မောင်အောင်ခန့်ပိုင်း၊ ဒုတိယဆုရရှိသော မြောက်ဥက္ကလာပမြို့နယ်မှ မောင်ဘုန်းပြည့်စုံ၊ တတိယဆုရရှိသော ရွှေပြည်သာမြို့နယ်မှ မောင်ကောင်းဇော်ဟိန်း၊ လက်ထောက်နည်းပြအဆင့် အမျိုးသမီးတုတ်ရှည်ပြိုင်ပွဲတွင် ပထမဆုရရှိသော မရမ်းကုန်းမြို့နယ်မှ မမေသရဖူကိုကိုနှင့် ဒုတိယဆုရရှိသော မင်္ဂလာဒုံမြို့နယ်မှ မဆုလဲ့ဝိုင်၊ လက်ထောက်နည်းပြအဆင့် အမျိုးသားတုတ်ရှည်ပြိုင်ပွဲတွင် ပထမဆုရရှိသော မင်္ဂလာဒုံမြို့နယ်မှ မောင်အောင်ခန့်ပိုင်၊ ဒုတိယဆုရရှိသော တောင်ဒဂုံမြို့နယ်မှ မောင်အောင်ပိုင်နှင့် တတိယဆုရရှိသော မြောက်ဥက္ကလာပမြို့နယ်မှ မောင်အောင်ခေတ်ပိုင်၊ ခွဲမှူးအဆင့် အမျိုးသားလှံရှည်ပြိုင်ပွဲတွင် ပထမဆုရရှိသော မင်္ဂလာဒုံမြို့နယ်မှ မောင်ဘုန်းမြတ်ထန်၊ ဒုတိယဆုရရှိသော မြောက်ဥက္ကလာပမြို့နယ်မှ မောင်အောင်ခေတ်ပိုင်နှင့် တတိယဆုရရှိသော ကြည်မြင်တိုင်မြို့နယ်မှ မောင်ကျော်စွာထက်တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့သည်။

၎င်းနောက် အမျိုးသမီးအကောင်ဆုံးဆုရရှိသော ဒလမြို့နယ်မှ မမိုးနန္ဒာမြင့်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးကလည်းကောင်း၊ အမျိုးသားအကောင်ဆုံးဆုရရှိသော မင်္ဂလာဒုံမြို့နယ်မှ မောင်ဝေယံကျော်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်ကလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိသော ကြည်မြင်တိုင်မြို့နယ်အသင်း၊ အမျိုးသားအသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိသော မင်္ဂလာဒုံမြို့နယ်အသင်းနှင့် စွယ်စုံတံခွန်စိုက်ဆုဖလားရရှိသော မင်္ဂလာဒုံမြို့နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့အား ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)