အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ချမ်းမြသာစည်   ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅)၏ အခွန်ဆိုင်ရာ ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ချမ်းမြသာစည်မြို့နယ်၊ ၁၀၁(အေ) နှင့် ၁၀၂လမ်းကြားရှိ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၅) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခွန်ဆိုင်ရာပညာပေးရှင်းလင်း ဆွေးနွေးပွဲတွင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅) ဌာနမှူး(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ရီက တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းလွယ်ကူစွာ သိရှိနိုင်စေရန် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ စက်သုံးဆီလုပ်ငန်းများကို အခွန်ပညာပေးရှင်းလင်း ဆွေးနွေးခဲ့ရာဆွေးနွေးပွဲသို့ ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း (၅၄) ဦး တက်ရောက်ကြပြီး တက်ရောက်လာသူများအား အခွန်ဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။

ချမ်းမြေ့ (ချမ်း/စည်)