ဖျာပုံ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၊ ခါးပြတ်ကျေးရွာနှင့် သရက်ပင်ဆိပ်ကျေးရွာတို့၌ (၂၆-၅-၂၀၂၅) ရက်နေ့ (၂၇.၅.၂၀၂၅) ရက်နေ့နှင့် (၂၈.၅.၂၀၂၅) ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ပင်လယ်ဒီရေမြင့်တက်လာမှုတို့ကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ သည့် အိမ်ထောင်စုနှင့် မိသားစုဝင်များအား ယမန်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်က အဆိုပါကျေးရွာများတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်၌ ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုက ရေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁၃၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ဖျာပုံမြို့နယ်၊ အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာ၊ ခါးပြတ်ကျေးရွာနှင့်သရက်ပင်ဆိပ်ကျေးရွာတို့၌ (၂၆-၅-၂၀၂၅) ရက်နေ့ (၂၇.၅.၂၀၂၅) ရက်နေ့နှင့် (၂၈.၅.၂၀၂၅) ရက်နေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ပင်လယ်ဒီရေမြင့်တက်လာမှု တို့ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁၃၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၃၇၀၀၀၀၀ိ/-)နှင့် အိမ်ထောင်စု (၁၃၇) စုမှ လူဦးရေ (၅၄၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးကျပ် (၂၇၃၅၀၀၀ိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၆၄၃၅၀၀၀ိ/-) နှင့် တန်ဖိုး (၁၉၁၆၄၂၆၆/-) ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁၃၇)ပုံးတို့အား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းပပကျော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်