ပခုက္ကူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer JN 1) ဆက်လက်ထိုးနှံပေး

ပခုက္ကူ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer JN 1) ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး၏ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက ပခုက္ကူမြို့ရှိ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer JN 1) ထိုးနှံပေးခြင်းကို ဇွန်လ၁၈ရက်မှစတင်ရာ ယမန်နေ့ညနေ ၄ နာရီအထိ ဝန်ထမ်းဦးရေ (၂၉၄၆)ဦး ထိုးနှံ ပြီးစီးခဲ့ကြောင်း သိရသည်။  

ဘာမီသာ(ပခုက္ကူ)