တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု၊ မုန်တိုင်းဘေးအန္တရာယ်၊သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီအလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ တနင်္သာရီတိုင်းဒေသကြီး မုန်တိုင်းဘေး အန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ကမြောကင်းတံတားအနီး ထားဝယ်မြစ်အတွင်း ကျင်းပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ကချင်ပြည်နယ်၊ရွှေကူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်မှ ပေးပို့သော အာဟာရဒါနမုန့်များပေးဝေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသားကျောင်းသူများအား ယနေ့နေ့လယ်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်မှ ပေးပို့သော အာဟာရဒါန ပဲနို့နှင့်မုန့်များပေးဝေခဲ့ကြောင်း သိရှိရ သည်။ 

ကျိုက်လတ်၌ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း ဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ဇွန်လ ၂၀ ရက်နေ့ နံနက် ၉ နာရီက အခွန်ဆိုင်ရာကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ပြုလုပ်သည့် အိမ်တွင်း လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်ပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အဲယားကွန်းတပ်ဆင်/ပြုပြင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) တွင်ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ညောင်တုန်းမြို့နယ်တွင် အခြေခံလယ်ယာသုံးပစ္စည်းပြုပြင်ထိန်းသိမ်းနည်းနှင့် တစ်လုံးထိုးအင်ဂျင် စက်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့်ဆောင်ရွက်သည့် အခြေခံလယ်ယာသုံးပစ္စည်းပြုပြင်ထိန်းသိမ်းနည်းနှင့် တစ်လုံးထိုး အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက စက္ကော့ဝောာင်ကျေးရွာအုပ်စု၊ အုန်းပင်စု ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

သမယဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့်အဖွဲ့ မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံချောင်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့်အဖွဲ့သည် ဇွန်လ ၁၉ ရက်နေ့ မွန်လွဲ ၃ နာရီ ၃၀ မိနစ်အချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းခေတ်မှီစံပြကျေးရွာ၊ ဣစ္ဆာသယသာသနာ့မဏ္ဍိုင်ကျောင်းတိုက်ရှိ ဧကာယနမဂ္ဂင် ဗိမ္မာန်တော်သို့ ရောက်ရှိလာပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။

ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

၂၀၂၅ခုနှစ်၊ ဇွန်လ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

တာချီလိတ်မြို့၌ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ ရှမ်းဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
Subscribe to