ကွန်ဟိန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

ကွန်ဟိန်း ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာအခြေ ခံပညာမူလတန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအား  ယနေ့နံနက်  (၉)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  စာကြည့်တိုက်လက်ထောက်-(၃) ဒေါ်သဲမာက  မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်ခံစားရသည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ ကျောင်းသား လူငယ်များမူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်း၊ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)