မြစ်သားမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို  စာစစ်ဌာနများတွင် ရူပဗေဒ+ သမိုင်း ဘာသာရပ် (ပဉ္စမနေ့)ဆက်လက်ဖြေဆို

မြစ်သား   ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို စာစစ်ဌာနများတွင်  ယနေ့နံနက် (၉) နာရီ အချိန်က ရူပဗေဒ+သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်လည်‌ဖြေဆိုသည့် စာစစ်ဌာန (၃) ခုရှိပြီး အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက် တန်းကျောင်းစာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ ကျောင်းသား(၁၁၆) ဦးနှင့် ကျောင်းသူ(၂၀၁) ဦး၊ စုစု ပေါင်း(၃၁၇) ဦး၊ ကူမဲအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၂၁၀) ဦးနှင့် ကျောင်းသူ (၂၄၈) ဦး၊ စုစုပေါင်း (၄၅၈) ဦး၊  ရွာခိုင်ကြီး အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ ကျောင်းသား(၂၄) ဦးနှင့် ကျောင်းသူ (၄၀)ဦး၊ စုစုပေါင်း (၆၄)ဦး ရှိပြီး စာစစ်ဌာန (၃) ခုရှိ‌ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၈၃၉) ဦးတို့ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများ  အတွင်းစည်း၊ အပြင်စည်း ကြီးကြပ်‌ရေးမှူးဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လုံခြုံရေးတာဝန်များအတွက်  ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီးတပ်ဖွဲ့ဝင် များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)