ကျိုက်လတ်မြို့နယ်၌ အမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ငုရွှေဝါခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲတက်ရောက်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှကြီးမှူး၍ ပြည်နယ်အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၏ ကြီးကြပ်မှုဖြင့် လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စု၊ ဘုရားလုံကျေးရွာ အရိယာရာ မဘုရားလုံကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ် စက္ခုဒါနဆေးရုံရှိ မျက်စိဝေဒနာရှင်များအား အာဟာရဒါနများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စက္ခုဒါနနှင့် အထွေထွေရောဂါကုဆေးခန်းရှိ မျက်စိဝေဒနာရှင်များနှင့် မျက်လုံးခွဲစိတ် ဝေဒနာရှင်များအား အာဟာရဒါနများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲများကျင်းပ

ရာသီဥတု ညီညွတ်မျှတ​စေရန်၊​ အေးမြ​သော  အရိပ်အာဝါသ ရရှိ​စေရန်၊ သဘာဝဝန်းကျင်နှင့်​ဂေဟစနစ်ကို ထိန်းညှိနိုင်ရန်၊ သဘာဝ​ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစု​ပေါင်း သစ်ပင်စိုက်ပျိုးပွဲကို  ယ​နေ့နံနက် ၈ နာရီချိန်က ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး မြောင်းမြအကျဥ်းထောင်အား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ယဥ်ယဥ်ဟန်သည် တိုင်း​ဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ မြောင်းမြခရိုင်တရားသူကြီး ဦးဝင်းနိုင် တို့နှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြအကျဥ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အကျဥ်းထောင်တာဝန်ခံအရာရှိက အကျဥ်းထောင်တွင်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ်(ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ရည်ရွှယ်၍ ၂၀၂၅ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉:၀၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြိုင်ပွဲများ ကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဗဟုသုတများ ထွန်းကားစေရန်အတွက် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီတွင် Community Centre အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ပဥ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် အေးချမ်းစွာဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ပြီး မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)တို့တွင် ပြန်လည်ကျင်းပပေးလျက်ရှိရာ ပဥ္စမ နေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို Grade-12 ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပြန်လည်ဖြေဆိုလျက်ရှိသည်။

မြစ်သားမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက မြို့မအနောက်အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီးလိမ္မာယဉ်ကျေးစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကို အဆိုပါကျောင်းတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်နှင့် မြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၅)ကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to