ဖြူး ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိူ့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ် ကာကွယ်ကယ်ဆယ်ရေး ပညာပေးသရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်မောင်စိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းဟိန်းလင်း၊ သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ် ကာကွယ်ကယ်ဆယ်ရေး အသိပညာပေး ပြောကြားကြသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက စာသင်ခန်းအတွင်း ဝပ်၊ ကာ၊ ကိုင် ပုံစံဖြင့် နေထိုင်ခြင်း၊ ငလျင်ဘေးလွတ်ကင်းနေရာသို့ ပြေးထွက်နေရာယူခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိခြင်း၊ ပိတ်မိနေသူများအား ရှာဖွေကယ်ထုတ်ခြင်း၊ ဒဏ်ရာရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့်အစီအစဉ်များကို သရုပ်ပြသလေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)