မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊  မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

မြဝတီ ဇွန် ၂၂

နိုင်ငံတော်၏ သယံဇာတများရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတုကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူပြုနိုင်ရေး၊ အရိပ်အာဝါသနှင့် အပူဒဏ်လျှော့ချနိုင်ရေး၊ အဖိုးတန်ဂေဟစနစ်များမပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၇ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်  မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် -၂ ပတ်လမ်းတစ်လျှောက်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပသည်။

အခမ်းအနားတွင် အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူးက ကံ့ကော်ပင်၊ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ကျွန်းပင်၊ အမှတ် ၉ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးက မန်ဂျန်ရှားပင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးက မဟော်ဂနီပင်တို့အား ဦးဆောင်စိုက်ပျိုးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးတင့်၊ ခရိုင်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း၊  တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ သတ်မှတ်နေရာများတွင် ပျိုးပင်များတပျော်တပါးစုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှု့အားပေးခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ခရိုင်သစ်တောဦးစီးဌာနက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး စုစုပေါင်းတက်ရောက်အင်အား ၆၅၀ ဦးတို့က ကျွန်းပင် ၄၉၊ ကံ့ကော်ပင် ၁၊  စိန်ပန်းကြီးပင် ၄၀၊ မန်ဂျန်ရှားပင် ၁၉၈၊ မဟော်ဂနီပင် ၇၀၊ ငုရွှေဝါပင် ၃၀၊ မဲဇလီပင် ၅၀၊ ပေါက်ပန်းဖြူပင် ၂၀ နှင့် ဗန်ဒါပင် ၄၉ စုစုပေါင်း ၅၀၇ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်/ပြန်ဆက်