လှည်းကူး ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးစပါး မျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးခြင်းကို လှည်းကူးမြို့နယ်၊ ကျောက်ကဒင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၀၀၂)၊ ဦးပိုင်အမှတ် ၅၃/က တောင်သူ ဒေါ်ပြုံးနွဲ့၏ လယ်ယာမြေ(၄း၀၀) ဧကနှင့် တောင်သူ ဒေါ်ဘဲလာ (၁၃.၇၃)ဧကတို့တွင် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါလယ်မြေ၌(ဆင်းသုခမျိုး) မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများအားပြောကြားခဲ့ပြီး တောင်သူဒေါ်ဘဲလာနှင့် ဒေါ်ပြုံးနွဲ့၏ လယ်မြေများပေါ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) ဖြင့်စိုက်ပျိုးခြင်းအား ကြည့်ရှု့အားပေးခဲ့သည်။
အဆိုပါ တိုက်ရိုက်မျိုးစေ့ကိရိယာ (Seeder)ဖြင့် စိုက်ပျိုးပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(လှည်းကူး)