မိုးနဲမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် မြို့နယ်ကမ္ဘောဇခန်းမနေရာ၌ မြို့နယ်အဆင့် နိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Pfizer) ထပ်ဆောင်းထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။

ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၌ ဗုဒ္ဓကောလိပ်ကျောင်းဆောင်သစ် တည်‌‌ဆောက်နိုင်‌ရေးအတွက် အလှူ‌တော်ငွေများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၌ တည်ဆောက်လျက်ရှိသည့် ဗုဒ္ဓကောလိပ်ကျောင်းဆောင်သစ်အား ဆက်လက်၍ တည်‌‌ထောင်ဆောက်လုပ်နိုင်ရေးအတွက် အလှူငွေလှူဒါန်းခြင်းနှင့် ဘိလပ်‌မြေအိတ်များ လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ခိုလမ်မြို့ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ပြုလုပ်ရာ ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တ‌ ဒေါက်တာပညာသီရိအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ငဖဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။       

ကျိုင်းလပ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈) နာရီအချိန်က ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ အခမဲ့သွားရောက် ဖြန့်ဝေခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆေးလိပ်ငွေ့ကင်းစင် နယ်မြေ (Smoke Free Public Area) သတ်မှတ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ (Smoke Free Public Area) သတ်မှတ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးစိုင်းလိတ် ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်အတွင်း အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်း (၁၀၀၀) ဧက စိုက်ပျိုးပြီးစီးမှုနှင့် ပေါင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်အတွင်း အထူးစိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ခင်း (၁၀၀၀) ဧက စိုက်ပျိုးပြီးစီးမှုနှင့် ပေါင်းရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

လယ်ဝေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့သည်။

တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း(လီမိတက်)၏၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း (လီမိတက်)၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ ကျင်းပသည်။

စားရေရိက္ခာဖူလုံရေးအတွက် စပါးပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ ရေ၊ မြေ၊ နည်း ဟန်ချက်ညီစွာဖြင့် စိုက်ပျိုးမှုတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးသော ယာမြေများအား စပါးစိုက်လယ်မြေအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်၂၅ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးစိုက်ပျိုးသော ယာမြေများအား မိုးကောင်းသောက် လယ်မြေအဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်ခြင်းဖြင့် စိုက်ပျိုးတောင်သူများအတွက် အကျိုးဖြစ်ထွန်းသလို စားရေရိက္ခာဖူလုံရေး အတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းပြောကြားသည်။

ဟိုပုံးမြို့ တုံခမ်းရပ်ကွက်၌ ပြည်သူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က တုံခမ်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။
Subscribe to