ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၌ ဗုဒ္ဓကောလိပ်ကျောင်းဆောင်သစ် တည်‌‌ဆောက်နိုင်‌ရေးအတွက် အလှူ‌တော်ငွေများ ဆက်ကပ်လှူဒါန်း

ခိုလမ် ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၌ တည်ဆောက်လျက်ရှိသည့် ဗုဒ္ဓကောလိပ်ကျောင်းဆောင်သစ်အား ဆက်လက်၍ တည်‌‌ထောင်ဆောက်လုပ်နိုင်ရေးအတွက် အလှူငွေလှူဒါန်းခြင်းနှင့် ဘိလပ်‌မြေအိတ်များ လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ခိုလမ်မြို့ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ပြုလုပ်ရာ ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တ‌ ဒေါက်တာပညာသီရိအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်ထံမှ သီလဓမ္မတရားတော်များ ခံယူဆောက်တည်ကြပြီး အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက အလှူငွေကျပ်သိန်း ၁၀၀ ကျပ်နှင့် ဘိလပ်မြေအိတ်များ၊ ရန်ကုန်မြို့မှ အလှူရှင်များ အလှူငွေကျပ်သိန်း(၁၀၅၀)ကျပ်တို့ကို သီရိမင်္ဂလာကျောင်းတိုက်၌ ဗုဒ္ဓကောလိပ်ကျောင်းဆောင်သစ်ဆက်လက်၍ တည်ဆောက်နိုင်‌ရေးအတွက် ဆက်ကပ်လှူဒါန်းကြပြီး ကျောင်းဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ‌‌ ပေးအပ်ခဲ့သည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် သီရိမင်္ဂလာကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တ‌ ဒေါက်တာပညာသီရိမှ အနုမောဒနာတရားချီးမြှင့်ကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြ‌ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)