ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွှဲ(၁)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

သံဖြူဇရပ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာအုပ်စာစောင် ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ/နံရံကပ် ပြပွဲကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က အောင်ဇေယျတိုးချဲ့(မူလွန်)ကျောင်း၌ ပြုလုပ်သည်။

ကဝမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကသာမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှု ပူးပေါင်းကာကွယ်ဖြေရှင်းရေးနှင့် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်‌ရေးနည်းလမ်းများအကြောင်း သိကောင်းစရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် “ပလတ်စတစ်ညစ်ညမ်းမှု ပူးပေါင်းကာကွယ်ဖြေရှင်းရေးနှင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်‌ရေးနည်းလမ်းများ” အကြောင်းသိကောင်းစရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီအချိန်က ပတ္တာမြားဈေး(ပျံကျဈေး)တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

တာမွေမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲကျင်းပ

“ မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝကာကွယ်ကြ ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ် လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်းမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်သွင်းအားစုများ အောင်နိုင်တိုးမျိုး စပါး၊ ဓာတ်မြေသြဇာ၊ လက်ဆွဲမျိုးစေ့ချကိရိယာတောင်သူများသို့ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများ အောင်နိုင်တိုးမျိုးစပါး၊ ဓာတ်မြေသြဇာ၊ လက်ဆွဲမျိုးစေ့ချ ကိရိယာတောင်သူများသို့ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အ.ထ.က(ခွဲ)(၃) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ ဇွန်လ ၂၅ ရက်နေ့ နံနက် (၁၀) နာရီက ဆောင်ရွက်သည်။

ထားဝယ်မြို့၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
Subscribe to