လယ်ဝေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

လယ်ဝေး ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် ဆောင်းပါး၊ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ အဆိပ်ပန်းကဗျာ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မဟာဗျူဟာ(၂)ရပ်နှင့် နည်းဗျူဟာ(၃)ရပ်၊ ကာတွန်းနှင့် ဆောင်ပုဒ်များပါရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)