ကျိုင်းလပ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျိုင်းလပ် ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈) နာရီအချိန်က ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ အခမဲ့သွားရောက် ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ''ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်'' ခေါင်းစဉ်ဖြင့် ဆောင်းပါးတို၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့်သဝဏ်လွှာမှ ''တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နှင်း''ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်၊ မဟာဗျူဟာ(၂)ရပ်၊ မဟာဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မောင်ကျေးဇူး၏ ''အဆိပ်ပန်း''ကဗျာနှစ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ကာတွန်း၊ ဆောင်ပုဒ်များဖြင့် မူးယစ်ဆေးဝါးရှောင်ကျဉ်ဖွယ် အသိပညာပေးအကြောင်းအရာများကို ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)