(ရွှေတောင်)အ.ထ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဌာနနှင့်အခြေခံပညာဦးစီးဌာန ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက (ရွှေတောင်)အ.ထ.က အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ကြသည်။

ဒက္ခိဏခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သဘောပေါက်နားလည်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုမှ ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ကမာရွတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး COMIRNITY .JN .1 VACCINE ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြိုနယ်အတွင်းရှိ ပြည်သူများကို ကိုဗစ်ဆေး COMIRNATY .JN .1 ကာကွယ်ဆေးများ ထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် မိသားစုများ ပြည်သူများအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးကြောင်း သိရသည်။

ခန္တီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီ၊ ကဗျာပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီ/ကဗျာပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်‌နေ့မွန်းလွဲ (၁)နာရီအချိန်က ဆင်သေကျေးရွာ၊ တရုတ်ဘုံကျောင်းတွင် ပြုလုပ်ခဲ့သည်။

ခန္တီးမြို့တွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရေး လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့တွင်းရှိ ရေထုတ်မြောင်းများအား ပိတ်ဆို့မှုမရှိစေရေး၊ ပိတ်ဆို့နေသည့်နေရာများအား ပြန်လည်တူးဖော်နိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ယနေ့နံနက်ပိုင်းတွင် မြို့အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(‌‌၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို  ယမန်နေနံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်၌ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စပါးမျိုးစေ့ချခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကြဲခင်းစနစ်ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွက်များ၌ ကျင်းပသည်။

အိုလံပစ်နေ့အထိမ်းအမှတ် ကလပ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲ ကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အနေဖြင့် ၂၀၂၅ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မျိုးဆက်သစ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို ဇွန် ၂၁ ရက်နေ့မှဇွန် ၂၂ ရက်နေ့များတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မြန်မာ့သိုင်းလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်း(၁၅)သင်းမှ အုပ်ချုပ်၊ နည်းပြ၊ ကစားသမား၊ စုစုပေါင်း(၁၇၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နေ့လယ်ပိုင်းက ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to