တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း(လီမိတက်)၏၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

တောင်ကြီး ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း (လီမိတက်)၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ ကျင်းပသည်။

အစည်းအဝေးတွင် သဘာပတိ ဦးကျော်မိုးတင့်က အဖွင့်အမှာစကားပြောကြားသည်။ အလုပ်အမှုဆောင် ဦးအောင်သောင်းကအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးနှစ်ချုပ်စာရင်းများတင်သွင်းခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အမြတ်ခွဲဝေ စာရင်းများအား ရှင်းလင်းတင်ပြသည်။ စာရင်းစစ် ဒေါ်ဝင်းဝင်းထိုက်က အသင်းစာရင်းစစ်၏ အစီရင်ခံစာတင်သွင်း၍ ဒေါ်သူဇာဝင်းက အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ တင်သွင်းသွားသော အမှုဆောင်အဖွဲ့၏အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အသင်းသားများက ဆွေးနွေးဝေဖန်အကြံပြုခြင်း၊ ဆွေးနွေးဝေဖန်အကြံပြုချက်များအပေါ် အမှုဆောင်အဖွဲ့မှ ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ သဘာပတိက အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ ဘဏ္ဍာရေး နှစ်ချုပ်စာရင်း၊ အမြေတ်ခွဲဝေစာရင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် အစည်းအဝေးမှ အတည်ပြုပေးရမည့်အကြောင်းအရာ(၄)ချက်အား အတည်ပြုပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)