ဒေသအလိုက် ပြည်တွင်းထွက် ကုန်ကြမ်း ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပပို့ကုန်ပိုမိုတိုးမြှင့် ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်းကြရမည်

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၅)အစည်းအဝေးကို ဇွန်၂၅ရက် မွန်းလွဲပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့်  အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသအလိုက် ပြည်တွင်းထွက် ကုန်ကြမ်း ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပပို့ကုန်ပိုမိုတိုးမြှင့် ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် အခွန်ရငွေတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်အတွင်း အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် အခွန်ရငွေတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊  ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်းမှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်​ရှောက်မှုနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား၊ ပင်စင်စားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းများကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာ၌ ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းဆွေနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က နမ့်ခုတ်ကျေးရွာရှိ မဟာအောင်မြေကေတုမတီပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်သည်။

ရပ်စောက်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲကို ဇွန် ၂၄ ရက်နေ့နံနက် ၁၀ နာရီက အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံတွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သွားရောဂါလူနာများအား ကွင်းဆင်းကုသပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သွားနှင့် ခံတွင်း အထူးကုဆေးရုံ(သာကေတ)နှင့် အထူးကုဆေးရုံနှင့် တက္ကသိုလ်များဆေးရုံ(ရန်ကုန်)တို့မှ သွားရောဂါအထူးကုဆရာဝန်ကြီးများအဖွဲ့မှ "သွား" ရောဂါလူနာများအား ကွင်းဆင်းကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်တောရသာသနာရိပ်သာ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်၏ သက်တော် (၆၂)နှစ်ပြည့် မွေးနေ့ကုသိုလ်မင်္ဂလာပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇွန် ၂၅ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ညောင်ပင်ဆိပ်တောရ သာသနာရိပ်သာ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတမဟာ​ထေရ်မြတ်၏ အဂ္ဂမဟာဝိသိဋ္ဌဂုဏပူဇာနှင့် သက်တော်(၆၂)နှစ်ပြည့် မွေးနေ့ကုသိုလ်မင်္ဂလာပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ တပည့်ဒကာများ တက်ရောက်ကြည်ညိုကြသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် မွေးမြူရေးစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် MSME ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် မွေးမြူရေးစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် MSME ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၊ ဘီလူးချောင်းမြေထိန်းနံရံများ တည်ဆောက်နေမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ ဘီလူးချောင်းကမ်းပါး ချောင်းရေတိုက်စားမှုမှကာကွယ်နိုင်ရန် မြေထိန်းနံရံတည်ဆောက်နေမှုအခြေအနေများ၊ ရှုခင်းသာပန်းခြံအတွင်း ပြည်သူများအပန်းဖြေနားနေနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ပြည်နယ်စည်ပင်အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြေထိန်းနံရံအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်၊ ဘီလူးချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် ပန်းခြံအား အများပြည်သူ စိတ်အေးချမ်းသာစွာ အပန်းဖြေနားနေနိုင်ရေးအတွက် နားနေရန်နေရာများ ပန်းခြံအတွင်း ပန်းအလှပင်များဖြင့် စိမ်းလန်းစိုပြည်လှပနေစေရေး မပြတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကောင်စီဝင်များ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုခရိုင်၊ လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
Subscribe to