ရေဦးမြို့နယ်၌ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် ရေဦးမြို့နယ် အ‌ထွေဆထွအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ မိုးသီးနှံ ဖူးစားပြောင်း ၂၁၂၅ ဧက စိုက်ပျိုးပြီးစီး၍ ဖြစ်ထွန်းအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းကို မိုးရေ၊ ချောင်းရေ၊ မြေအောက်ရေများဖြင့် သုံးသီးစား သီးထပ်စိုက်ပျိုးကာ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ယခုမိုးသီးနှံဖူးစားပြောင်းစိုက်ပျိုးမှုတွင် ၃၁၈၈ ဧက စိုက်ပျိုးရန်လျာထားကြောင်း၊ ဇွန်လ ၂၅ ရက်နေ့အထိ ထိုင်ဝမ်ဖူးစားပြောင်း၂၁၂၅ ဧကစိုက်ပျိုးစီးခဲ့ကြောင်း၊ ကျန်ရှိစိုက်ဧကများ ဆက်လက်စိုက်ပျိုးနိုင်ရန် တောင်သူများ စိုက်ပျိုးမြေပြုပြင်လျက်ရှိကြောင်း မြို့နယ် မြေစာရင်းဦးစီးဌာနမှသိရသည်။

ကလိန်အောင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ရာဖူးကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပသည်။

ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်အတွင်းမြို့နယ်များ၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြည်ခရိုင်အတွင်း မြို့နယ်များ၌ ပြည်သူများအား အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ခြင်းကို ဇွန် ၁၃ ရက်မှ ၂၃ ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(ဇရပ်ကွင်း)နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(ဒရယ်ဘို)တို့၌ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဒလမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သန်လျင်မြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌  အလားအလာကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်စပါးမျိုးသစ် (အောင်နိုင်တိုး) နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးသုတေသနခြံတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးခဲ့သည့် အလားအလာကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်စပါးမျိုးသစ် (အောင်နိုင်တိုး) နွေစပါးမျိုးသစ်အား ယနေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့ ပညာတံခွန်ကိုယ်ပိုင်အထက်တန်း‌ကျောင်း၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ(၂)နာရီအချိန်က ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to