မိုးနဲမြို့နယ်၌ မိုးမြေပဲမျိုးစေ့ထုတ်စိုက်ခင်းနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်ချိုကျေးရွာအုပ်စု လွိုင်ယူးကာကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်မျိုးသန့်ပွားမြေပဲ စိုက်ပျိုးထားရှိမှု၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှုနှင့် အခြားသီးနှံများစိုက်ပျိုးထားရှိမှုကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် အောင်ရတနာ(မုန်တိုင်) ဓမ္မာရုံကြီးတွင် ပြည်သူလူထုနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ နန်း‌တော်ရှေ့ရှိ ဒေါနဘွားရပ်ကွက် အောင်ရတနာ(မုန်တိုင်) ဓမ္မာရုံကြီးတွင် ကျင်းပသည့် ပြည်သူလူထုနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။ 

နတ်မောက်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းများကို စစ်ဆေးလက်ခံခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းများကို အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီမှစစ်ဆေး လက်ခံခြင်းကို ယမန်နေ့နံနက်(၁၁) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုုလုပ်ခဲ့သည်။ 

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပင်လုံမြို့ အ.ထ.က(၂)ကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အခွန်ဆိုင်ရာများ အသိပညာ‌ပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိသင့်သိထိုက်သော အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ပြလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး (Mobile Library)စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Mobile Library)စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ကော်မရှင်ရုံးမှ ဝန်ထမ်းများထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ လေးထပ်ဆောင်၊ ဘွဲ့နှင်သဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to