ဥတ္တရသီရိမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ (ဗိုလ်ရွေး)အခြေခံပညာအထက်တန်းကျောင်း စုဝေးခန်းမတွင် ကျင်းပခဲ့သည်။

မြိတ်မြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ် ဇူလိုင်၃ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ဇွန်၂၇ရက် နံနက်ပိုင်းက မြိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။

မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မအူကုန်းစည်ပင်သာယာဝန်ထမ်းအိမ်ရာဝန်း အနောက်ဘက်ခြမ်းရှိ ရထားသံလမ်း‌ဘေးတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ၂၅ ရက်နေ့၊ (၀၈း၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့်  ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သရက်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက သရက်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သည့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ  ပြည် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော ရွှေတောင်မြို့၊ မင်းတဲကျွန်း(စံပြ)ကျေးရွာ၊ IT-Center ၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ် (၃)မိုင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် စက်မှု၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေး ကျောင်းသား၊ ကျောင်းသူများအား ပံ့ပိုးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စက်မှု၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေး ကျောင်းသား၊ ကျောင်းသူများအား ပံ့ပိုးပစ္စည်းများပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့ပေါ်ရှိ ဟိုတယ်များမှ ဟိုတယ်ဝန်ထမ်းများနှင့် မိသားစုဝင်များအား Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ လုပ်ငန်းလိုင်စင်ရယူထားသော မြဝတီမြို့ပေါ်ရှိ Grade One Hotel၊ Myawaddy Hotel၊ Hotel Yadanar စသည့် ဟိုတယ်အသီးသီးတို့မှလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ တာဝန်ခံများ၊ ဟိုတယ်ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် Grade One ဟိုတယ်နှင့် Myawaddy ဟိုတယ်တို့၌ ဆောင်ရွက်သည်။

ရွှေတောင်မြို့နယ်တွင် ကမ်းပါးပြိုကျ၍ ပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအား ( ဆန်၊ ဆီ၊ ဆား၊ ပဲ)ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် ရွှေဟင်္သာကျေးရွာအုပ်စု၊ စကားမြားကျေးရွာကမ်းပါးပြိုကျ၍ ပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအား(ဆန်၊ ဆီ၊ ဆား၊ ပဲ)ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့  နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to