မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူ လူငယ်လေးများ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေ‌ရေးနှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝကာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ”ကို ဇွန်လ (၂၅) ရက်နေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့ အိမ်ယာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

တုံတာမြို့၌ COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ကာကွယ်ဆေးကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း အောင်နိုင်တိုးနွေစပါးစံကွက် ရိတ်သိမ်းပွဲတက်ရောက်၊ စိုက်ပျိုးရေးသုတေသနခြံအတွင်း ပြောင်းနှင့် နေကြာစိုက်ပျိုးမှုကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကွင်းအမှတ် ၁၃၁၉ ကွင်း၊ တောင်သူ ဦးတင်ထွန်းအောင်၏ အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့် စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အနီးအနားရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် နွေစပါးစိုက်တောင်သူများ တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သွားခံတွင်း ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နေပြည်တော်သွားဆေးရုံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သွားခံတွင်းကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန်လ (၂၄) ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၊ အောင်ပန်းမြို့မ အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက အောင်ပန်းမြို့မ၊ သမဝါယမအသင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့၌ စက်ချုပ်သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းတွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် စက်ချုပ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ) ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းဖြင့် မိသားစုဝင်ငွေတိုးတက်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြစိမ်းရောင်(အသားကဏ္ဍ) ဒုတိယအကြိမ်လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ ယောကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီသို့ မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ပေးအပ်ခဲ့သည်။

သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို သထုံခရိုင်အတွင်းရှိ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to