အောင်မြေသာစံမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ဒုတိယအကြိမ် ငါးမျိုးကောင်ရေ ခုနစ်သိန်းစိုက်ထည့်

မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍  ဧရာဝတီမြစ်အတွင်း ဇွန် ၂၇ရက် နံနက် ၈နာရီက မန္တလေး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်၊၂၂လမ်းနှင့်မြို့ပတ်လမ်းထောင့်ရှိ ကျွဲစွန်းဆိပ်ကမ်းတွင် ငါးခုံးမကြီးကောင်ရေ နှစ်သိန်း၊ ရွှေဝါငါးကြင်းကောင်ရေ နှစ်သိန်းခွဲ၊ ငါးမြစ်ချင်းကောင်ရေ နှစ်သိန်းခွဲ  စုစုပေါင်း ငါးကောင်ရေခုနစ်သိန်းစိုက်ထည့်ပွဲ ကျင်းပသည်။

ပန်းတနော်မြို့နယ်၌ မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာစီမံကိန်း ချေးငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဘဝိုင်းမြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာစီမံကိန်း၏ တတိယအကြိမ် (၃)နှစ်မြောက် ချေးငွေပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက တမူးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဇွန် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့သည်။

ကန့်ဘလူမြို့၌ အအေးပေးပစ္စည်းများအကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်

ကန့်ဘလူမြို့၌ အအေးပေးပစ္စည်းများအကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက် ကန့်ဘလူ ဇွန် ၂၇ အောင်ဝင်းငြိမ်း (ကန့်ဘလူ)

ရွှေဘိုမြို့၌ မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဟော ပြောပွဲကျင်းပ

ရွှေဘိုမြို့၌ မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဟော ပြောပွဲကျင်းပ ရွှေဘို ဇွန် ၂၇ ခရိုင်(ပြန်/ဆက်)

ရေဦးမြို့ (Community Centre)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ရေဦးမြို့ (Community Centre)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက် ရေဦး ဇွန် ၂၇ မြို့နယ်(ပြန်/ဆက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ရေပြင်ရှာဖွေကယ်ဆယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင် မြန်မာ့အာမခံလုပ်ငန်းမှ မြေငလျင်အာမခံလျော်ကြေး​ငွေကျပ်သိန်း ၁၅၀၀ ပေးအပ်

မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာခရိုင်ရုံးမှ မီးအာမခံနှင့် မြေငလျင်အပိုအကာအကွယ် ယူထားသူများအား မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်မြေငလျင်ကြောင့် အဆောက်အဦများ ပျက်စီးခြင်းအတွက် အာမခံအကာအကွယ်ထားရှိသည့် ပေါ်လစီရှင် ၁၀ ဦးအတွက် မြေငလျင်အာမခံလျော်ကြေးငွေကျပ် သိန်း ၁၅၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ် ပေါက်တပင်ကျေးရွာ၌ လူစီးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနားကျင်းပပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး

ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာရှိ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၆၃/၃-၄ ကြား ကွင်းအမှတ် ၄၄၄ဃ ဦးပိုင် ၁က/၁၊ တောင်သူ ဦးလွင်ဦး၏ လယ်မြေ ၁၀ ဧကအတွင်း ပျိုးထောင်ထားရှိသည့် ဆင်းသုခမျိုးအား တိုင်းဒေသကြီးထုတ် လူစီးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမျိုးဆွေ၀င်း၊ လုံခြုံရေးနှင့်နယ်စပ်‌ရေးရာ၀န်ကြီး ‌ဗိုလ်မှူးကြီး‌ အောင်သောင်းထိုက်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊‌ ဒေသခံတောင်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
Subscribe to