စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ဇွန်လ ၂၅ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးရာသီဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းနောင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ အတုလမာရဇိန်ဆုတောင်းပြည့်ဓမ္မာရုံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့ ယမန်နေ့နံနက် ၉ နာရီအချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင်စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ကော့မှူးမြို့နယ် အ.မ.က(မြို့မ)ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာမူလတန်းကျောင်းအ.မ.က(မြို့မ)ကျောင်း၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

သာပေါင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရာသီ ရေကြီးနစ်မြုပ်မှုလျော့နည်းသက်သာစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရေဘေးကာကွယ်ရေးတာများ မကျိုးပေါက်နိုင်ရန် ကျေးရွာ၊ ရပ်ကွက်နေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ ကမ္ဘဲ့ကျေးရွာ၊ ငဝန်တာ၊ တာမိုင်(၆၇/၀)၊ ရေကင်းစခန်းအမှတ်(၆)တွင် ယနေ့ ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ရေဘေးကာကွယ်ရေး သရုပ်ပြပွဲကျင်းပပြုလုပ်ကြသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ သန်လျင်၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သန်လျင်မြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၅ ရက်နေ့ နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ကျိုက်လတ်မြို့နယ်၌ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က (၂) ရေတွင်းရေကန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟော‌ပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရးအသင်းတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဟော‌ပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to