စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စမ်းချောင်း ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ဇွန်လ ၂၅ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်အတွင်း မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပတ်စဉ် တနင်္လာနေ့နှင့်သောကြာနေ့များတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၈)ရပ်ကွက်အား အလှည့်ကျ ဆောင်ရွက်‌ပေးလျက်‌ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုအား စမ်းချောင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၀န်ထမ်းများ၊  မြို့နယ်‌စည်ပင်သာယာရေး ၀န်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းအဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့၀င်များ၊ မြို့နယ်ပရဟိတအဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စမ်းချောင်းမြို့နယ် စမ်း(မြောက်)ရပ်ကွက်၊ မြေနီကုန်း(မြောက်)ရပ်ကွက်၊ ဝေဠု၀န်(တောင်)ရပ်ကွက်နှင့် ကျွန်းတော(မြောက်)ရပ်ကွက်အတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်း၊ ပတ်၀န်းကျင်သန့်ရှင်း‌ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)