မြောက်ဥက္ကလာပ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရးအသင်းတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆုမွန်သော်က ပျိုရွယ်သူကျန်းမာရေးနှင့်ပတ်သတ်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးဒေါ်မူမူမြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာ၊ ဆရာမများနှင့်တာဝန်ရှိဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Pfizer JN-1 ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သွေးတိုးဆီးချိုနှင့်အခြားရောဂါများအား Mobile Clinic ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် များဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လောဟာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆုမွန်သော်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)