ဖျာပုံမြို့၌ မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအဖြစ် ရပ်ရွာအခြေပြုမုန့်လုပ်နည်းသင်တန်းအား လိုက်လံကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အ​ကြိုလှုပ်ရှားမှုအဖြစ် ရပ်ရွာအခြေပြုမုန့်လုပ်နည်းသင်တန်းအား ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ သင်တန်းခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။

ဒေါပုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကြိုဟောပြောပွဲကို ဇွန် ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ကင်းစင်ကျောင်းများ စုပေါင်းမိတ်သဟာယ အမျိုးသားဘောလုံးပြိုင်ပွဲသို့ တက်ရောက်အားပေး

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၄ ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့သော ကချင်ပြည်နယ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ၏ စုပေါင်းမိတ်သဟာယအဖွဲ့တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်း ကျေးလက်လမ်းတံတားများ ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းသည် ဇွန်လ ၂၅ ရက်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ကျေးလက်လမ်းတံတားလုပ်ငန်းဆောင်ရွက်နေမှု မြေပြင်အခြေအနေ အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြံခင်းမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ အပတ်စဉ်သောကြာနေ့တိုင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စုများတွင် အပတ်စဉ်သောကြာနေ့တိုင်း နံနက် ၇ နာရီအချိန်ကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းရေး အဘိတ်ဆေးခတ်ခြင်းနှင့် သွန်၊ ဖုံး၊ လဲ၊ စစ် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက  ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။

ဘိုကလေးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်၌ ဘိုကလေး-ကြိမ်ချောင်းကားလမ်းဘေး၊ မိုင် ၄/၃ မှ ၅/၁ အထိ ကျင်းပစိုက်ပျိုးခဲ့ကြသည်။
Subscribe to