မင်းတုန်းမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီ၌ တံတားကျေးရွာအုပ်စု၊ တောင်သူဦးသန်းနိုင်၏ ကွင်းအမှတ်(၃၂၈)၊ ဦးပိုင်အမှတ်(၁၉၉/၂) လယ်မြေ ၁.၄၇ ဧကတွင် ရက်(၉၀) စပါးမျိုးကို မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါး တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ တံတား ကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်က အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနနှင့် သစ်ပင်ချစ်သူကွန်ယက်တို့ ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနနှင့် သစ်ပင်ချစ်သူများကွန်ယက် (တောင်တွင်းကြီးမြို့)တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ရတနာပွင့်လှကန်တော်ကြီးကန်အနီး၌ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

​​​​​ကျောင်းသား၊ ကျောင်းသူများအား အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရေးအသိပညာပေး၍ သရုပ်ပြသပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အ.ထ.က(၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဖြူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အမှိုက်များ ခွဲခြားစွန့်ပစ်ရေးအသိပညာပေး သရုပ်ပြသခြင်းကို ဇွန် ၂၅ ရက်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရာ​ပြည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားအား တက်ရောက်ကြည့်ရှုအားပေး

ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်ရေပြင်တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက ရွှေပေါ်ကျွန်းကျေးရွာ၊ ကျီတော်ကုန်း အ.မ.က-မူလွန်ကျောင်းဝန်းအတွင်း မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အားကစားနှင့်ကာပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဗဟိုအိမ်တိုင်ရာရောက် သားဖွားသင်တန်းကျောင်းတွင် သူနာပြုအမျိုးသားဝတ်စုံနှင့် ဦးဆောင်းအပ်နှံခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဗဟိုအိမ်တိုင်ရာရောက် သားဖွားသင်တန်းကျောင်းတွင် ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက သူနာပြုနှင့် သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း အပတ်စဉ်(၄)ကျောင်းသား/သူများအား သူနာပြုအမျိုးသားဝတ်စုံနှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း တည်ဆောက်လျက်ရှိသည့် သုံးထပ်ဆွမ်းစားကျောင်းဆောင်အတွက် စတုတ္ထအကြိမ် အလှူပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း တည်ဆောက်လျက်ရှိသည့် သုံးထပ်ဆွမ်းစားကျောင်းဆောင်အတွက် စတုတ္ထအကြိမ်အလှူပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၍ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပင်းတယမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် လူမှုဝန်ထမ်းရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to