ကော့မှူးမြို့နယ် အ.မ.က(မြို့မ)ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်

ကော့မှူး ဇွန်  ၂၇

ကျောင်းသား၊ ကျောင်းသူများကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာမူလတန်းကျောင်းအ.မ.က(မြို့မ)ကျောင်း၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ဟောပြောပွဲတွင် သွားကျန်းမာရေးဆရာဝန်ဒေါက်တာအိနန္ဒာကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက သံကောင်တုတ်ကောင်ရောဂါအကြောင်း သိကောင်းစရာများ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန်နည်းလမ်းများ၊ စနစ်တကျသွားတိုက်နည်း၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါအကြောင်းအရာများအား အသိပညာပေးဟော ပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်တကျသွားတိုက်နည်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ပြီး သွားစစ်ဆေးပေးခြင်းနှင့် သွားတိုက်ဆေး၊ သွားတိုက်တံများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကျော်သူရ(ကော့မှူး)