သာပေါင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲကျင်းပ

သာပေါင်း ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရာသီ ရေကြီးနစ်မြုပ်မှုလျော့နည်းသက်သာစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရေဘေးကာကွယ်ရေးတာများ မကျိုးပေါက်နိုင်ရန် ကျေးရွာ၊ ရပ်ကွက်နေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကမ္ဘဲ့ညောင်ကုန်း ကျေးရွာအုပ်စု၊ ကမ္ဘဲ့ကျေးရွာ၊ ငဝန်တာ၊ တာမိုင်(၆၇/၀)၊ ရေကင်းစခန်းအမှတ်(၆)တွင် ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ရေဘေးကာကွယ်ရေး သရုပ်ပြပွဲကျင်းပပြုလုပ်ကြသည်။

အခမ်းအနားတွင် ပုသိမ်ခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထိန်လင်းအောင်မှ မိုးရာသီရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရေဘေးကာကွယ်ရေးတာများ မကျိုးပေါက်နိုင်ရန် သာပေါင်းမြို့နယ် ငဝန်တာမိုင်(၆၁/၀)မှ (၇၅/၇)အတွင်း ရေကင်းစခန်း(၄)ခု ဖွင့်လှစ်ထားရှိပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက အရေးပေါ်ပစ္စည်းစုဆောင်းထားရှိမှုများ၊ ဝန်ထမ်းအင်အားများဖြင့် ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်မှုအရေးပါပုံ၊ တာတမံဥပဒေကို လိုက်နာဆောင်ရွက်ရန် အရေးကြီးပုံတို့ကို ရှင်းလင်းပြောကြားပြီး မိုးရာသီတာတမံထိခိုက်ပျက်စီးစေသော အကြောင်းရင်းများဖြစ်သည့် တာထိပ်ပေါ်ရေကျော်ခြင်း၊ ရေပေါက် တူးပေါက်ဖြစ်ပေါ်ခြင်း၊ တာအိတာလျောခြင်း၊ သဲဗွက်ထခြင်း စသည်တို့ဖြစ်ပေါ်ပုံနှင့် ကာကွယ်ရမည့်နည်းလမ်းများကို သရုပ်ပြရှင်းလင်းပြောပြီး ပုသိမ်ခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထိန်လင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က မြစ်ရေကြီးမြင့်လာချိန်တွင် အလံအစိမ်းရောင်၊ စိုးရိမ်း‌ရေအမှတ်ရောက်ချိန်တွင် အလံအဝါရောင်၊ အန္တရာယ်‌ရေအမှတ်ရောက်ချိန်တွင် အနီရောင်အလံဖြင့် ပြည်သူများအား သတ်မှတ်စိုက်ထူသတိပေးပြသထားရန် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးမျာထံသို့ အရေးပေါ်ရေအမှတ်သတိပေးအလံများ လွဲပြောင်းပေးအပ်ခဲ့ကြပြီး တတ်ရောက်လာကြသူများအား ရေဘေးအန္တရာယ်ကာကွယ်ရေး “အသိပညာပေး လက်ကမ်းစာစောင်”များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲသို့ ပုသိမ်ခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထိန်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ် သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ)ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ သာပေါင်းမြို့နယ် ဆည်မြောင်းဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တတ်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(ပြန်/ဆက်)