ကျိုက်လတ်မြို့နယ်၌ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲကျင်းပ

ကျိုက်လတ် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးရဲဝင်းက ပြည်တွင်းအခွန်များ ဦးစီးဌာန၏လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူကောက်ခံနေသော အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များ၊ အခွန်အကြောင်း သိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် တည်ဆဲအခွန် ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်